နေ့စွဲများ(ကဗျာ)၊ ကဗျာဆရာ ကိုအင်းဝ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ ကိုအင်းဝ၏ နေ့စွဲများ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။
နေ့စွဲများ
ဒုက္ခသည်စခန်းမှာ
လပြည့်လကွယ် မရှိဘူး …
ကျည်ကွယ် မျက်ကွယ်
ထမင်းရည်ပူလေး
အေးအေးဆေးဆေး လျက်နေရရင်
သေချာတယ်
ဒါ … ရက်ရာဇာပဲ … ။
ကိုအင်းဝ
