တနင်္ဂနွေခုံရုံး(ကဗျာ)၊ ကဗျာဆရာ သူငယ်တော်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ သူငယ်တော်၏ တနင်္ဂနွေခုံရုံး ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။

တနင်္ဂနွေခုံရုံး
……………….
တရားလိုတွေ
တရားခံတွေ သူနဲ့ဘာမှမဆိုင်သလို
တနင်္ဂနွေတရားရုံး

တရားလိုတွေ
တရားခံတွေ ကျွေးတဲ့ နံနက်စာကို
နိုးတစ်ဝက်နဲ့ အိပ်မက်မက်နေတဲ့
တနင်္ဂနွေတရားရုံး

တနင်္ဂနွေတရားရုံးဟာ
တိုက်ပုံအနက်နဲ့ နောင်တအတုတွေရလို့
ဝမ်းနည်းချင်ယောင်ဆောင်ထားတဲ့
အထွေထွေခုံရုံးကိစ္စတွေကို အစီအစဉ်တကျပြန်
သနေတယ်။

တနင်္လာအမှုကိစ္စတွေကို
မျက်နှာပန်းလှလှကိုင်တွယ်ဖို့
နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးရိတ်ရင်း
တကိုယ်ရေသန့်ရှင်းရေးလုပ်နေတဲ့
တနင်္ဂနွေတရားရုံး

တနင်္လာအမှုသည်တွေကတော့
အရေးပေါ်ကျန်းမာရေးနဲ့
တနင်္ဂနွေ လူနာဖြစ်လို့ အနားမရကြဘူး။ ။

သူငယ်တော်

Leave comment

Your email address will not be published. Required fields are marked with *.