ကျောင်းတံခါးကြီး ဖွင့်ပါဉီး(ကဗျာ)၊ ကဗျာဆရာမ ခင့်မိုးခင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ ခင့်မိုးခင်၏ ကျောင်းတံခါးကြီး ဖွင့်ပါဉီး ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။
ကျောင်းတံခါးကြီး ဖွင့်ပါဉီး
……………………………….
မငြိမ်းချမ်းတော့တာ
ဟိုးကဘေကမ္ဘာထဲကတဲ့
သမီးတို့နေရာ ရပ်ဝန်းပေါ်မှာ
ယမ်းငွေ့တွေဝေလို့
ကျည်မိုးတွေရွာ
တစ်ခါတလေ သမီးတို့ကစားတယ်
“ကျောင်းတံခါးကြီးဖွင့်ပါဦး”
“မဖွင့်နိုင်ဘူး”
“ရွှေတုံး၊ ငွေတုံးတွေ ပေးပါ့မယ်”
“မဖွင့်နိုင်ဘူး”
“စားဖွယ်သောက်ဖွယ်တွေ ပေးပါ့မယ်”
“မဖွင့်နိုင်ဘူး”
“အပစ်အခတ်တွေ ရပ်စဲလို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပါ့မယ်”လို့
ပြောမဆုံးခင်မှာ
ဒုံးဒုံး
ဒက်ဒက်အသံတွေ
ပြေး ပြေး ပြေးကြ ပြေးကြ
ကျောင်းတံခါးပိတ်
ဂျိတ်
ငြိမ်းချမ်းရေးဆိုတာ
ဖြူသလား မည်းသလား
ချိုသလား ခါးသလား
သမီးတို့
မြည်းစမ်းကြည့်ချင်လိုက်တာ။ ။
ခင့်မိုးခင်
