သွေးချင်း (ကဗျာ)၊ ကဗျာဆရာမ Atom

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ Atom ၏ သွေးချင်း ကဗျာကို ဖော်ပြလိုက်ပါသည်။
သွေးချင်း
…………………..
ဟိုး … မြောက်ဖျားဆီက အသံတချို့က
မိုးခြိမ်းသံနီးပါး ကျယ်ပြန့်ဆူလောင်နေခဲ့ …
ရှင်သန်ခြင်းတို့ နေဝင်မစောကြပါစေနှင့်
ချစ်သူချင်း မကွေကွင်းကြပါစေနှင့်
အမေခေါ်သံ သားခေါ်သံတို့
ဘယ်တစ်ဖက်ကမှ မပျောက်ရှကြပါစေနှင့် …
တောပန်းရနံ့တို့ တွင်တွင်သင်းပျံ့နေကြပါစေ
သွေးညှီနံ့တို့တွင်
ဆေးဖြူတွေ ကြဲပက်ဖုံးအုပ်ထားနိုင်ပါစေ
နှင်းဆီနီထက်က စံပယ်ဖြူသင့်သောနယ်မြေအဖြစ်
အသက်ရှင်ရပ်တည်နိုင်ပါစေသား …
ရိုးသားခြင်းနှင့် မေခမလိခ
ပေါင်းစည်းထားတဲ့ဒေသဆီမှ
လှပသော ချစ်ခြင်းရနံ့တို့
ထာ၀ရ …
စီးချမျောလွင့်
တစ်တိုင်းပြည်လုံးထုံထုံ သင်းပျံ့နိုင်ကြပါစေသား။ ။
Atom
