ကဗျာ (ကဗျာ)၊ ကဗျာဆရာ မိုးနေ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ မိုးနေ၏ ကဗျာ ဟုအမည်ပေးထားသည့် ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။
ကဗျာ
ယုံတမ်း
ဂမ္ဘီရ
ဖြစ်ရပ်ဆန်းကြယ်လည်း
မဟုတ်။
လက်လှည့်
မျက်လှည့်
ပဉ္စလှည့်တွေလည်း
မပါ။
ဟော့ဒီမှာ
ခင်ဗျားတို့ နေ့စဉ်သုံး
မြန်မာစာလုံးပေါင်းတွေကို
ဖတ်ကောင်းအောင်
နေထားတကျ
ပြန်စီစဉ်ပေးရုံမျှသာ။ ။
မိုးနေ
