ဧရာဝတီတိုင်းဒေသကြီးရှိ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပဲန်မြန်မာ၏ အဓိကလုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်သော လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးရှိ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် Zoom application အား အသုံးပြု၍ ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ ၁နာရီမှ ညနေ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့သည်။ ပဲန်မြန်မာ၏ ဥက္ကဋ္ဌ စာရေးဆရာ ညီပုလေးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံသဘောတရားများကို ပဲန်မြန်မာ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ စာရေးဆရာမ နန်းကြာဖြူ (ဘားအံ)က ဆွေးနွေးခဲ့သည်။ ထို့နောက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ အကြောင်းများကို ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာ သူရဿဝါက ဆွေးနွေးခဲ့သည်။ ယင်းနောက် အထက်ပါခေါင်းစဉ်နှစ်ခုနှင့် စပ်လျဉ်းသည့် ပြန်လည်ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းကို ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ မသီတာ (စမ်းချောင်း)က ပြန်လည်ဖြေကြားပေးခဲ့သည်။
ပဲန်မြန်မာအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကဗျာဆရာ တည်မှီက အမုန်းစကားနှင့် အန္တရာယ်ရှိသော စကားများအကြောင်းကို ဆွေးနွေးခဲ့ပြီး ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာမ ထက်မြတ်နိုင်ဇင်က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သက်ဆိုင်သော တည်ဆဲဥပဒေများနှင့် ဥပဒေကြမ်းများအကြောင်းကို ဆွေးနွေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ပြန်လည်ဆွေးနွေးမှုများ နှင့် မေးခွန်းများကို ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ မသီတာ (စမ်းချောင်း)က ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် ပဲန်မြန်မာ ဥက္ကဋ္ဌ ဆရာညီပုလေးက ကျေးဇူးတင်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သည်။ ယခု အလုပ်ရုံဆွေးနွေးပွဲသည် ဧရာဝတီတိုင်းဒေသကြီးရှိ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းများကို အဓိကရည်ရွယ်၍ ကျင်းပခဲ့သော်လည်း Zoom application ကို အသုံးပြု၍ ကျင်းပခြင်းဖြစ်သည့်အတွက် ယခင်ဆွေးနွေးပွဲများကို တက်ရောက်ရန်ခက်ခဲသော ပဲန်မြန်မာအဖွဲ့ဝင်များ နှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် ကိစ္စရပ်များတွင် ပဲန်မြန်မာနှင့် အဆက်အဆံရှိခဲ့ဖူးသော အခြားပြည်နယ်များရှိအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများလည်း တက်ရောက်ဆွေးနွေးခဲ့သည်။
ပဲန်မြန်မာစင်တာ

တက်ရောက်လာကြသူများ
လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံသဘောတရားများကို ပဲန်မြန်မာ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ စာရေးဆရာမ နန်းကြာဖြူ (ဘားအံ)က ဆွေးနွေးခဲ့သည်။
ပြန်လည်ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းကို ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ
မသီတာ (စမ်းချောင်း)က ပြန်လည်ဖြေကြားပေးခဲ့သည်။
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ အကြောင်းများကို ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာ သူရဿဝါက ဆွေးနွေးခဲ့သည်။
ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာမ ထက်မြတ်နိုင်ဇင်က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သက်ဆိုင်သော တည်ဆဲဥပဒေများနှင့် ဥပဒေကြမ်းများအကြောင်းကို ဆွေးနွေးခဲ့သည်။
ပဲန်မြန်မာအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကဗျာဆရာ တည်မှီက အမုန်းစကားနှင့် အန္တရာယ်ရှိသော စကားများအကြောင်းကို ဆွေးနွေးခဲ့သည်။
ဉီးထွန်းထွန်းဉီး ဆွေးနွေးပြောကြားစဉ်
တက်ရောက်လာကြသူများ

Leave comment

Your email address will not be published. Required fields are marked with *.