ကျည်ဆန်(ကဗျာ)၊ ကဗျာဆရာ စိုးခိုင်ညိန်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ စိုးခိုင်ညိန်း ၏ ““ကျည်ဆန်” ဟုအမည်ပေးထားသည့် ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ “ကျည်ဆန်” မည်းမည်းမှောင်နေတဲ့ အမှောင်ဘက်ခြမ်းကလက်ထဲက မလွှတ်တမ်း အသေဆုပ်ကိုင်ထားတဲ့အသံတိတ် သေနတ်ကနေ ကျည်ဆန်ကအပြေးအလွှား ထွက်ပြေးလာတယ်ငြိမ်းချမ်းတိတ်ဆိတ် အေးချမ်းနေတဲ့ အရပ်ဒေသတွေကိုဆူညံပွက်လောရိုက်ထားခဲ့လူအချင်းချင်း အဓိကရုဏ်းတွေနဲ့ ရန်တိုက်ပေးထားခဲ့လာရာ လမ်းတစ်လျှောက်တွေ့သမျှ အဟန့်အတားတွေကို ထိုးဖောက်ခဲ့အေဗရာဟမ်လင်ကွန်းရဲ့ ရင်ဘတ်ကိုလည်းဖောက်ထွက်လာတယ်ဂျွန်အက်ဖ် ကနေဒီရဲ့ နှလုံးသားကိုလည်း ဆွဲဖြဲလာတယ်ဗိုလ်ချုပ်အောင်ဆန်းကိုလည်းတစ်ကိုယ်လုံး ဆန်ခါဖောက်ထားခဲ့တယ်မဟတ္တမဂန္ဒီ

Read More