ရေမဆေးသမား (ကဗျာ)၊ ကဗျာဆရာ လူလူ (အညာမြေ)

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ လူလူ (အညာမြေ)၏ ရေမဆေးသမား ကဗျာကို ဖော်ပြလိုက်ပါသည်။ သူ့ကိုယ်မသိ ကိုယ့်သူမသိမွေးရပ်မတူ လူမျိုးမတူလည်းဘာသာကွဲပြား မခြားနားလည်းဘဝတူချင်း စာနာရင်ဖြင့်ဘယ်သူကစ ဘယ်သူအော်မည်စွဲမက်မထား ပြုရမည်ဟုတက်လူနင်းချ မတော်တဆခဲလိမ့်လာသော် သူမှထိုမှထိုမှသူတို့ ခါခါဆင့်ဆင့်အော်ခေါ်သံပေး အောက်လူကလည်းထပ်ဆင့်အော်ပြီ ခဲလိမ့်လာပြီဗျို့ … ။   ။ လူလူ၊ အညာမြေ၊

Read More

ကျောင်းတံခါးကြီး ဖွင့်ပါဉီး(ကဗျာ)၊ ကဗျာဆရာမ ခင့်မိုးခင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ ခင့်မိုးခင်၏ ကျောင်းတံခါးကြီး ဖွင့်ပါဉီး ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ ကျောင်းတံခါးကြီး ဖွင့်ပါဉီး……………………………….မငြိမ်းချမ်းတော့တာဟိုးကဘေကမ္ဘာထဲကတဲ့သမီးတို့နေရာ ရပ်ဝန်းပေါ်မှာယမ်းငွေ့တွေဝေလို့ကျည်မိုးတွေရွာ တစ်ခါတလေ သမီးတို့ကစားတယ်“ကျောင်းတံခါးကြီးဖွင့်ပါဦး”“မဖွင့်နိုင်ဘူး”“ရွှေတုံး၊ ငွေတုံးတွေ ပေးပါ့မယ်”“မဖွင့်နိုင်ဘူး”“စားဖွယ်သောက်ဖွယ်တွေ ပေးပါ့မယ်”“မဖွင့်နိုင်ဘူး”“အပစ်အခတ်တွေ ရပ်စဲလို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပါ့မယ်”လို့ပြောမဆုံးခင်မှာဒုံးဒုံးဒက်ဒက်အသံတွေပြေး ပြေး ပြေးကြ ပြေးကြ ကျောင်းတံခါးပိတ်ဂျိတ်ငြိမ်းချမ်းရေးဆိုတာဖြူသလား မည်းသလားချိုသလား ခါးသလားသမီးတို့မြည်းစမ်းကြည့်ချင်လိုက်တာ။ ။ ခင့်မိုးခင်

Read More

သူ့အရုပ် သူ့အလုပ်(ဝတ္ထုတို)၊ စာရေးဆရာ ဉီးဘုန်း-ဓာတု

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ ဉီးဘုန်း-ဓာတု၏ သူ့အရုပ် သူ့အလုပ် ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ဆန်နီညိမ်းက ရေးဆွဲပါသည်။ သူ့အရုပ် သူ့အလုပ် (တစ်)“ရုပ်သေးရုပ်ကလေးတွေ… ကတတ်သလား”သေးသေးကျဉ်းကျဉ်း ရှည်ရှည်မျောမျော ရုပ်သေးရုံ၏အလယ်မကျ တကျနေရာမှာ ထိုင်နေရင်း နဏက ကိုပေါ်ဦးကို မေးသည်။ နဏ က ကိုပေါ်ဦး ညီမက မွေးသည့် သားငယ်လေး။ ကျောင်းနာမည်က ထွန်းတောက်ကြယ်။

Read More