ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ
လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအဆင့်) ကျင်းပ

ပဲန်မြန်မာ၏ အဓိကလုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ  ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီခွဲအထိ ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ ပဲန်မြန်မာအတွင်းရေးမှူး ဆရာမြေမှုန်လွင်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံသဘောတရားများ အကြောင်းကို ကဗျာဆရာ တည်မှီက ဆွေးနွေးတင်ပြခဲ့သည်။ ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာ သူရဿဝါက  စာနယ်ဇင်းလွတ်လပ်ခွင့်အကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)က မေးခွန်းများကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။ ယင်းနောက် ကဗျာဆရာတည်မှီက အမုန်းစကားနှင့် အန္တရာယ်ရှိသောစကား၊ စာရေးဆရာမ ထက်မြတ်နိုင်ဇင်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်နေသော ဥပဒေများအကြောင်းကို ဆွေးနွေးခဲ့သည်။ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမေးမြန်းမှုကို ဆရာမ မသီတာ(စမ်းချောင်း)က ဦးဆောင်ဖြေကြားခဲ့သည်။ ပဲန်မြန်မာ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး တက်ရောက် ဆွေးနွေးခဲ့သည်။
ပဲန်မြန်မာစင်တာ

ဧရာ၀တီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့်အတူ တွေ့ရသည့်
ပဲန်မြန်မာအတွင်းရေးမှူး ဆရာ မြေမှုန်လွင်၊ ပဲန်မြန်မာအဖွဲ့ဝင် ဆရာမ မသီတာ(စမ်းချောင်း)
ပဲန်မြန်မာအတွင်းရေးမှူး ဆရာမြေမှုန်လွင်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားစဉ်
တက်ရောက်လာကြသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ
ပဲန်မြန်မာ ဒါရိုက်တာအဖွဲ့ဝင် ဆရာ သူရဿဝါက စာနယ်ဇင်းလွတ်လပ်ခွင့်အကြောင်း ဆွေးနွေးစဉ်
မေးမြန်းဆွေးနွေးနေသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း
မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားနေသည့် ဆရာမ မသီတာ-စမ်းချောင်း
မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားနေသည့် ဆရာမ မသီတာ-စမ်းချောင်း
လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံသဘောတရားများ အကြောင်းကို
ပဲန်မြန်မာအဖွဲ့ဝင် ကဗျာဆရာ တည်မှီက ဆွေးနွေးတင်ပြစဉ်
တက်ရောက်လာကြသူများ
ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာမ ထက်မြတ်နိုင်ဇင်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို
ကန့်သတ်နေသော ဥပဒေများအကြောင်းကို ဆွေးနွေးစဉ်
မေးမြန်းဆွေးနွေးနေသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်
မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားနေသည့် ဆရာမ မသီတာ-စမ်းချောင်း
မေးမြန်းဆွေးနွေးနေသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး
မေးမြန်းဆွေးနွေးနေသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း
မေးမြန်းဆွေးနွေးနေသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း
မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားနေသည့် ဆရာမ မသီတာ-စမ်းချောင်း
အမှတ်တရ

Leave comment

Your email address will not be published. Required fields are marked with *.