အမျိုးသားလွှတ်တော် ကော်မတီနှစ်ခုနှင့်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ

Zoom Application အသုံးပြုပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်
ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
………………………………………….
PEN Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို အမျိုးသားလွှတ်တော် နိုင်ငံသားများ၏မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့နှင့် အွန်လိုင်း zoom application ကို အသုံးပြုကာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်နှင့် ၂၆ ရက်တွင် မွန်းလွဲ ၁ နာရီ မှ ၃ နာရီအထိ နှစ်ရက်တာ ကျင်းပခဲ့ပါသည်။ ယင်းအွန်လိုင်းဆွေးနွေးပွဲတွင် ပဲန်မြန်မာအဖွဲ့ဝင် ဆရာ မျိုးမြင့်ညိမ်းက အဖွင့်နှုတ်ခွန်းဆက်စကားနှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့်ရည်ရွယ်ချက်တို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ILAM (Independent Lawyer’s Association Myanmar) အဖွဲ့မှ ဆရာသိန်းသန်းဦးက လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုရာတွင် အဟန့်အတားဖြစ်စေသော ဥပဒေဆိုင်ရာ ကျင့်သုံးမှုများကို ဆွေးနွေးတင်ပြခြင်း၊ PGK(Pyi Gyi Khin) အဖွဲ့မှ ဆရာ သန့်လွင်ထူးက သတင်းအချက်အလက်ရရှိပိုင်ခွင့်ဆိုင်ရာ သုံးသပ်ဆွေးနွေးတင်ပြခြင်း၊ MIDO(Myanmar ICT for Development Organization) အဖွဲ့မှ ဆရာ ဝေမျိုးထွဋ်က ဒစ်ဂျစ်တယ်နည်းပညာခေတ်၏ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အခြေခံအကြောင်းအရာများကို ဆွေးနွေး တင်ပြခြင်း၊ ပဲန်မြန်မာအဖွဲ့ဝင် ဆရာ ဟန်ဇော်က သတင်းမီဒီယာဥပဒေဆိုင်ရာ သုံးသပ်ဆွေးနွေးခြင်းတို့ကို အသီးသီး တင်ပြခဲ့ကြပါသည်။ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတွင် ပဲန်မြန်မာအဖွဲ့ဝင်၊ ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင်လည်းဖြစ်သည့် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ဆွေးနွေးပွဲ၏ အနှစ်ချုပ်များကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တစ်ကြိမ်၊ မန္တလေးမြို့ရှိ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့်တစ်ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တစ်ကြိမ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့်တစ်ကြိမ်၊ ဇွန်လ၌ ကရင်ပြည်နယ် အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့်တစ်ကြိမ်၊ ဇူလိုင်လတွင်လည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တစ်ကြိမ်၊ မကွေးတိုင်းဒေသတွင်း အရပ်ဘက် ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့်တစ်ကြိမ်၊ ဇူလိုင်လ (၃၁)ရက်နေ့တွင်လည်း ရှမ်းပြည်နယ် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့်တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။
ပဲန်မြန်မာစင်တာ

တက်ရောက်လာကြသူများ
ပဲန်မြန်မာအဖွဲ့ဝင် ဆရာ မျိုးမြင့်ညိမ်း
ILAM (Independent Lawyer’s Association Myanmar) အဖွဲ့မှ ဆရာ သိန်းသန်းဦး
MIDO(Myanmar ICT for Development Organization) အဖွဲ့မှ ဆရာ ဝေမျိုးထွဋ်
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူအခွင့်အရေးကော်မတီဉက္ကဌ ဉီးဝင်းအောင်
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဉက္ကဌ ဉီးသိမ်းဆွေ
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူအခွင့်အရေးကော်မတီမှ ဉီးမျိုးထပ်
တက်ရောက်လာကြသူများ
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူအခွင့်အရေးကော်မတီမှ ဉီးအောင်ကျော်စိုး
ဆွေးနွေးပွဲအနှစ်ချုပ်ကို ပြန်လည်ဆွေးနွေးသည့် ပဲန်မြန်မာအဖွဲ့ဝင် ဆရာမ မသီတာ-စမ်းချောင်း

Leave comment

Your email address will not be published. Required fields are marked with *.