နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ “The Day of the Imprisoned Writer’s campaign” ပြုလုပ်သွားမည်…

နိုဝင်ဘာလ ၁၅ ရက်နေ့သည် “The Day of the Imprisoned Writer” နေ့ဖြစ်ပါသည်။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အပေါ် ဖိနှိပ်မှုကို တွန်းလှန်သော၊ သတင်းအချက်အလက်ဝေငှခွင့်အပေါ်တိုက်ခိုက်မှုများကို ဆန့်ကျင်သော စာရေးဆရာများကို အသိအမှတ်ပြုရန်နှင့် အားပေးထောက်ခံရန်ရည်ရွယ်ကာ သတ်မှတ်ထားေသာ နေ့ဖြစ်ပါသည်။ ထိုနေ့ကို ၁၉၈၁ ခုနှစ်တွင် ပဲန်အင်တာနေရှင်နယ်၏ “Writers in Prison Committee” က စတင်သတ်မှတ်ကာ နှစ်စဥ်ကျင်းပခဲ့ပါသည်။ ယခုနှစ်တွင် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ “The Day of the Imprisoned Writer’s campaign” ပြုလုပ်သွားမည် ဖြစ်ပါသည်။ ပဲန်မြန်မာ၏ “Writers in Prison Committee” အနေဖြင့်လည်း တစ်ကမ္ဘာလုံးက ပဲန်စင်တာများနှင့်အတူ ယခုနှစ် Campaign တွင်ပါဝင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပဲန်မြန်မာအကျဉ်းကျစာရေးဆရာများဆိုင်ရာကော်မတီ
