၁၄၀ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၄၀ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၂၀ ခုနှစ် မတ်လ ၂ ရက် မနက် ၁၀ နာရီအချိန်က မြေနီကုန်း ဗုဒ္ဓဂယာကျောင်းမှာ ပြုလုပ်ခဲ့ပါသည်။ ယင်းပွဲသည် ရွှေတွံတေးဆရာတော် အရှင်ဝါယမ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆရာတော်ကိုယ်တိုင် ဖိတ်ကြားခြင်း ဖြစ်ပြီး လိုက်ပါခဲ့ကြသူများကလည်း မိမိအစီအစဉ်ဖြင့် မိမိ ကုသိုလ်ပြုပါဝင်ခဲ့ကြပါသည်။ ပဲန်မြန်မာမှ ပါဝင်ခဲ့ကြသည့် အဖွဲ့ဝင်များမှာ

Read More

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ – ကယားပြည်နယ်လွှတ်တော်

ပဲန်မြန်မာ၏ အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအဆင့်)ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ကယားပြည်နယ် လွှတ်တော်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ပဲန်မြန်မာမှ ဖိတ်ကြားထားသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများမှ ကိုယ်စားပြုသူများ၊ ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြပါသည်။ အဓိကအားဖြင့် လွတ်လပ်စွာ

Read More

၁၃၉ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၃၉ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ Level Up Academy မှာ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာမှ ဆရာ မျိုးမြင့်ညိမ်း၊ ဆရာ ဟန်ဆန်း၊ ဆရာမ

Read More

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ကနေဒါသံရုံးနှင့် ပဲန်မြန်မာတို့ ပူးပေါင်းစီစဉ်သည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ်ခုအား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့များက ရန်ကုန်မြို့ ပြည်လမ်းရှိ Taw Win Garden Hotel, Bagan Ballroom မှာ ပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိ မြို့ပေါင်း ၆ မြို့မှ လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ

Read More

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၁/၂၀၂၀)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၁/၂၀၂၀) ၂၈ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၀ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေသော အရေးယူမှုအား ပြန်လည်သုံးသပ်ရန် တိုက်တွန်းခြင်း ၁။ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြေညာစာအမှတ်(၁၅/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၁၈)ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ ဆောင်ရွက်မှုများအား ထောက်ခံပွဲကို ကော့သောင်းမြို့၌ ၂၀၁၉ ခုနှစ်

Read More

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ – ပဲခူးတိုင်းဒေသကြီးလွှတ်တော်

ပဲန်မြန်မာ၏ အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအဆင့်)ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဓိကအားဖြင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့်စပ်လျဉ်းသည့် အခြေခံသဘောတရားများ၊

Read More

၁၃၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲနှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်း ဆွေးနွေးပွဲ

ပဲန်မြန်မာ၏ ၁၃၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲနှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်း ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်က ဘားအံမြို့ရှိ ခွယ်ကဘောင်မိုတယ်မှာ ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာအဖွဲ့၀င်ဆရာ/ဆရာမများဖြစ်ကြသည့် မျိုးမြင့်ညိမ်း၊ ဟန်ဆန်း၊ စောဝေ၊ ရာသက်ပန်(တောင်ငူဆောင်)၊ သူရဿဝါ၊ Jasmine, တည်မှီနှင့် နန်းကြာဖြူ(ဘားအံ)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Read More