သွေးချင်း (ကဗျာ)၊ ကဗျာဆရာမ Atom

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ Atom ၏ သွေးချင်း ကဗျာကို ဖော်ပြလိုက်ပါသည်။ သွေးချင်း………………….. ဟိုး … မြောက်ဖျားဆီက အသံတချို့ကမိုးခြိမ်းသံနီးပါး ကျယ်ပြန့်ဆူလောင်နေခဲ့ … ရှင်သန်ခြင်းတို့ နေဝင်မစောကြပါစေနှင့်ချစ်သူချင်း မကွေကွင်းကြပါစေနှင့်အမေခေါ်သံ သားခေါ်သံတို့ဘယ်တစ်ဖက်ကမှ မပျောက်ရှကြပါစေနှင့် … တောပန်းရနံ့တို့ တွင်တွင်သင်းပျံ့နေကြပါစေ သွေးညှီနံ့တို့တွင်ဆေးဖြူတွေ ကြဲပက်ဖုံးအုပ်ထားနိုင်ပါစေနှင်းဆီနီထက်က စံပယ်ဖြူသင့်သောနယ်မြေအဖြစ်အသက်ရှင်ရပ်တည်နိုင်ပါစေသား … ရိုးသားခြင်းနှင့် မေခမလိခပေါင်းစည်းထားတဲ့ဒေသဆီမှလှပသော ချစ်ခြင်းရနံ့တို့ထာ၀ရ …စီးချမျောလွင့်တစ်တိုင်းပြည်လုံးထုံထုံ သင်းပျံ့နိုင်ကြပါစေသား။   

Read More

အဖြူရောင်စိတ်ကူးစားတော်ကဲ(ဝတ္ထုတို)၊ စာရေးဆရာ ညီပုလေး

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ ညီပုလေး၏ အဖြူရောင်စိတ်ကူးစားတော်ကဲ ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ထိန်လင်းက ရေးဆွဲပါသည်။ အဖြူရောင်စိတ်ကူးစားတော်ကဲ– ညီပုလေး – ဇာခြင်ထောင်ကြီးဘယ်လောက်ကြီးဟောဒီလောက်လောက်ကြီးဇာခြင်ထောင်လေးဘယ်လောက်သေးဟောဒီလောက်လောက်သေးငါ့ရောင်းပါကွယ်မေမေဆိုလိမ့်မယ်မေမေဆိုရင် ငါ့ဆီပြေးခဲ့ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဝိုင်းကြီးပတ်ပတ်ဒူဝေဝေကိုလူညိုရဲ့အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ ဆယ်စုနှစ်တွေဟာ ကလေးဘဝက ကစားခဲ့ရတဲ့ “ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ” အတိုင်း ကျယ်တဲ့ကာလ ကျယ်ပြီး ကျဉ်းချင်တဲ့အခါ ကျဉ်းကျဉ်းကျပ်ကျပ် နေခဲ့ရတယ်။အဆောင်သာမက တိုက်ထဲမှာ ကျယ်တစ်ခါ၊ ကျဉ်းနှစ်လှည့် နေခဲ့ရတယ်။

Read More

မမေ့တဲ့အိမ် (ကဗျာ)၊ ကဗျာဆရာမ ဝသုန္ဓရေ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ ဝသုန္ဓရေ၏ မမေ့တဲ့အိမ်း ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ မမေ့တဲ့အိမ်……………….. ဟိုတုန်းကတို့အိမ်အိုလေးထဲမှာ အကြိမ်ကြိမ် လသာခဲ့ဖူးတယ်ထွင်းအိုးမယ်ဒလင်ကြီးကို အဖေအသံစမ်းတဲ့အခါအမေက စည်းဝါးအဆင်သင့်မောင်နှမတွေအလှည့်ကျ သီချင်းတွေဆိုရင်းလက်ခုပ်သံတွေကြားငါနဲ့ ငါ့ညီမလေး ကွေးနေအောင် ကခဲ့ကြဖူးတယ်။ တကယ်တော့ငါ့အဖေဟာ ယုံကြည်ချက်တွ မယုံကြည်တော့လို့အမှောင်က အလင်းထဲပြန်လာခဲ့သူပါသံသယသားကောင် ဘဝဝပ်ကျင်းထဲခဏ ခဏ ဆွဲထုတ်ခံရတဲ့အခါနာကြည်းခဲ့ရသမျှ ဒဏ်ရာတွေစည်းဝါးမဲ့နံရံတွေအဖြစ် ဖောက်ခွဲခြင်းခံရငါတို့မောင်နှမတွေ စိတ်ဒဏ်ရာဗရပွနဲ့အိမ်အိုလေးထဲမှာ ရောင်ကိုင်းစွာ ဖူးပွင့်ခဲ့ကြပေါ့။

Read More

ရေမဆေးသမား (ကဗျာ)၊ ကဗျာဆရာ လူလူ (အညာမြေ)

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ လူလူ (အညာမြေ)၏ ရေမဆေးသမား ကဗျာကို ဖော်ပြလိုက်ပါသည်။ သူ့ကိုယ်မသိ ကိုယ့်သူမသိမွေးရပ်မတူ လူမျိုးမတူလည်းဘာသာကွဲပြား မခြားနားလည်းဘဝတူချင်း စာနာရင်ဖြင့်ဘယ်သူကစ ဘယ်သူအော်မည်စွဲမက်မထား ပြုရမည်ဟုတက်လူနင်းချ မတော်တဆခဲလိမ့်လာသော် သူမှထိုမှထိုမှသူတို့ ခါခါဆင့်ဆင့်အော်ခေါ်သံပေး အောက်လူကလည်းထပ်ဆင့်အော်ပြီ ခဲလိမ့်လာပြီဗျို့ … ။   ။ လူလူ၊ အညာမြေ၊

Read More

ကျောင်းတံခါးကြီး ဖွင့်ပါဉီး(ကဗျာ)၊ ကဗျာဆရာမ ခင့်မိုးခင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ ခင့်မိုးခင်၏ ကျောင်းတံခါးကြီး ဖွင့်ပါဉီး ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ ကျောင်းတံခါးကြီး ဖွင့်ပါဉီး……………………………….မငြိမ်းချမ်းတော့တာဟိုးကဘေကမ္ဘာထဲကတဲ့သမီးတို့နေရာ ရပ်ဝန်းပေါ်မှာယမ်းငွေ့တွေဝေလို့ကျည်မိုးတွေရွာ တစ်ခါတလေ သမီးတို့ကစားတယ်“ကျောင်းတံခါးကြီးဖွင့်ပါဦး”“မဖွင့်နိုင်ဘူး”“ရွှေတုံး၊ ငွေတုံးတွေ ပေးပါ့မယ်”“မဖွင့်နိုင်ဘူး”“စားဖွယ်သောက်ဖွယ်တွေ ပေးပါ့မယ်”“မဖွင့်နိုင်ဘူး”“အပစ်အခတ်တွေ ရပ်စဲလို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပါ့မယ်”လို့ပြောမဆုံးခင်မှာဒုံးဒုံးဒက်ဒက်အသံတွေပြေး ပြေး ပြေးကြ ပြေးကြ ကျောင်းတံခါးပိတ်ဂျိတ်ငြိမ်းချမ်းရေးဆိုတာဖြူသလား မည်းသလားချိုသလား ခါးသလားသမီးတို့မြည်းစမ်းကြည့်ချင်လိုက်တာ။ ။ ခင့်မိုးခင်

Read More

သူ့အရုပ် သူ့အလုပ်(ဝတ္ထုတို)၊ စာရေးဆရာ ဉီးဘုန်း-ဓာတု

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ ဉီးဘုန်း-ဓာတု၏ သူ့အရုပ် သူ့အလုပ် ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ဆန်နီညိမ်းက ရေးဆွဲပါသည်။ သူ့အရုပ် သူ့အလုပ် (တစ်)“ရုပ်သေးရုပ်ကလေးတွေ… ကတတ်သလား”သေးသေးကျဉ်းကျဉ်း ရှည်ရှည်မျောမျော ရုပ်သေးရုံ၏အလယ်မကျ တကျနေရာမှာ ထိုင်နေရင်း နဏက ကိုပေါ်ဦးကို မေးသည်။ နဏ က ကိုပေါ်ဦး ညီမက မွေးသည့် သားငယ်လေး။ ကျောင်းနာမည်က ထွန်းတောက်ကြယ်။

Read More

ကဗျာဆရာ၊ လိင်ကိစ္စ၊ ကျင့်ဝတ်(ဆောင်းပါး)၊ စာရေးဆရာမ ပန်ဒိုရာ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ပန်ဒိုရာ၏ ကဗျာဆရာ၊ လိင်ကိစ္စ၊ ကျင့်ဝတ် ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ဟန်ဆန်းက ပြုလုပ်သည်။ ကဗျာဆရာ၊ လိင်ကိစ္စ၊ ကျင့်ဝတ် (သတိ။ ။အသက် ၁၈ နှစ်ပြည့်သူမှ ဖတ်သင့်သောစာသားများ ပါဝင်သည်။) Facebook စသုံးခါစ နှစ်ပိုင်းတွေက ဗီဒီယိုဖိုင်တစ်ခု တက်လာပါတယ်။ ကုန်တိုက်တစ်ခုလို့ ထင်ပါတယ်။ လူအများရှိရာ Public Place

Read More

ဘုရားသခင်တို့၏ နောက်ဆုံးဖန်ဆင်းခြင်းနိုင်ငံတော်(ဆောင်းပါး)၊ စာရေးဆရာမ သက်ဝေနှင်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ သက်ဝေနှင်း၏ ဘုရားသခင်တို့၏ နောက်ဆုံးဖန်ဆင်းခြင်းနိုင်ငံတော် ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီလင်းဝဏ္ဏက ရေးဆွဲသည်။ ဘုရားသခင်တို့၏ နောက်ဆုံးဖန်ဆင်းခြင်းနိုင်ငံတော် တိတ်ဆိတ်ငြိမ်သက်ခြင်း ဆိုတာ အေးချမ်းခြင်းလို့ အကြမ်းဖျင်း ယူဆရပေမဲ့ တကယ်တော့ ကြောက်စရာ၊ စိုးရိမ်စရာ၊ သံသယဝင်စရာ ကောင်းလှတဲ့ နိမိတ်လက္ခဏာတစ်ခု ဖြစ်တယ်လို့ပြောရင် လက်ခံကောင်း လက်ခံနိုင်ပြီး ငြင်းပယ်ကောင်းလည်း ငြင်းပယ်နိုင်ပါတယ်။ ပုံသဏ္ဌာန်ကတော့ မုန်တိုင်းမကျမီ တစ်လောကလုံးကို

Read More

အစီအစဉ်မကျပေမဲ့ လှနေတဲ့ Chao (ဆောင်းပါး)၊ စာရေးဆရာ နေဘုန်းလတ်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ နေဘုန်းလတ်၏ အစီအစဉ်မကျပေမဲ့ လှနေတဲ့ Chao ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပိုင်နိုင်အောင်က ပြုလုပ်သည်။ အစီအစဉ်မကျပေမဲ့ လှနေတဲ့ Chao PEN Myanmar အနေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစလို့ ကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ကောင်းသောအလုပ်တွေ တောက်လျှောက်လုပ်လာတာ အခုဆိုရင် တော်တော်လေးကို ခရီးပေါက်နေပြီ ဖြစ်ပါတယ်။ PEN Myanmar က လုပ်နေတဲ့ စာပေအနုပညာနဲ့ဆိုင်တဲ့၊

Read More

အဆိပ်သင့်အင်္ဂါ(မှတ်တမ်းကဗျာ)၊ ကဗျာဆရာမ မမသီရိ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်း မှတ်တမ်းကဗျာကဏ္ဍတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ မမသီရိ၏ အဆိပ်သင့်အင်္ဂါ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ အဆိပ်သင့်အင်္ဂါ………………….အပြာရောင်ကောင်းကင်ကို မော့ကြည့်လိုက်တော့စကားပုံတစ်ခုဟာ ကိုးရိုးကားရား တွဲလောင်းချိတ်လို့မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုလား…ဒီနေ့ဟာ အင်္ဂါနေ့ပါ၊ ပန်းတွေလေ ဝေနေရဲ့မနေ့က တနင်္လာမှာလည်း ဝေဒီနေ့ အင်္ဂါမှာလည်း ဝေတကယ်တော့ နေ့တိုင်း ဝေခဲ့တဲ့ပန်းတွေပါအမှန်ကို သလ္လာဖုံးအောင် ဖွေးဘယ်လိုတွေတောင် မွေးခဲ့လေသလဲတကယ်ပါအများသူငါလို…ကျွန်မလည်း အမှန်တရားကိုသာ မြတ်နိုးတတ်ပါရဲ့မတူတာဆိုလို့

Read More