တနင်္ဂနွေခုံရုံး(ကဗျာ)၊ ကဗျာဆရာ သူငယ်တော်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ သူငယ်တော်၏ တနင်္ဂနွေခုံရုံး ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ တနင်္ဂနွေခုံရုံး……………….တရားလိုတွေတရားခံတွေ သူနဲ့ဘာမှမဆိုင်သလိုတနင်္ဂနွေတရားရုံး တရားလိုတွေတရားခံတွေ ကျွေးတဲ့ နံနက်စာကိုနိုးတစ်ဝက်နဲ့ အိပ်မက်မက်နေတဲ့တနင်္ဂနွေတရားရုံး တနင်္ဂနွေတရားရုံးဟာတိုက်ပုံအနက်နဲ့ နောင်တအတုတွေရလို့ဝမ်းနည်းချင်ယောင်ဆောင်ထားတဲ့အထွေထွေခုံရုံးကိစ္စတွေကို အစီအစဉ်တကျပြန်သနေတယ်။ တနင်္လာအမှုကိစ္စတွေကိုမျက်နှာပန်းလှလှကိုင်တွယ်ဖို့နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးရိတ်ရင်းတကိုယ်ရေသန့်ရှင်းရေးလုပ်နေတဲ့တနင်္ဂနွေတရားရုံး တနင်္လာအမှုသည်တွေကတော့အရေးပေါ်ကျန်းမာရေးနဲ့တနင်္ဂနွေ လူနာဖြစ်လို့ အနားမရကြဘူး။ ။ သူငယ်တော်

Read More

ပြဿနာ(ရသစာတမ်း)၊ စာရေးဆရာမ မသီတာ-စမ်းချောင်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ မသီတာ-စမ်းချောင်း ၏ ပြဿနာ ရသစာတမ်းကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ဆန်နီညိမ်းက ရေးဆွဲပါသည်။ ပြဿနာ ………………………. ပြဿနာအစစ်ကတော့ ဘယ်ဟာက အဓိကပြဿနာလဲဆိုတာကို ပြဿနာရှိတယ်လို့ ပြောနေကြသူတွေကြားမှာ ဘုံသဘောတူညီမှု ရှာမရတာပါပဲ။ ဒီလိုနဲ့ ဘယ်ဟာက ပြဿနာအစစ်ဖြစ်သလဲဆိုတာကို ရှာကြမယ်ဆိုတာဟာ အားလုံးရဲ့ အဓိကပန်းတိုင် ဖြစ်မလာဘဲ ဘုံသဘောတူညီမှု မရသူတွေကြားထဲမှာ ကိုယ် ထင်မြင်ယူဆထားတဲ့

Read More

အရောင်ဖျော့ကောင်းကင်အောက်က အလင်းဝှက်ကြယ်(ဝတ္ထုတို)၊ စာရေးဆရာမ နန်းကြာဖြူ(ဘားအံ)

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ နန်းကြာဖြူ(ဘားအံ) ၏ အရောင်ဖျော့ကောင်းကင်အောက်က အလင်းဝှက်ကြယ် ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ အောင်ကျော်က ရေးဆွဲပါသည်။ အရောင်ဖျော့ကောင်းကင်အောက်က အလင်းဝှက်ကြယ် အခန်း (၁) “ကျွန်တော် သူတောင်းစား မဟုတ်ဘူးဗျ” မထင်မှတ်ဘဲ ကြားလိုက်ရသော အသံကြောင့် သူမသည် မနှစ်မြို့ဖွယ်ကောင်းသော ထိုအိမ်ကြီးဘက်ကို လှည့်ကြည့်မိသွားလေသည်။ “ဟင်…” သူမနှုတ်က အသံထွက်သွားမိသည်။ ဖေဖေက

Read More

အမေ့ဘူးစင် (ဝတ္ထုတို)၊ စာရေးဆရာ လင်းသုသျှင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ လင်းသုသျှင်၏ အမေ့ဘူးစင်ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ Win Iszudiaက ရေးဆွဲပါသည်။ အမေ့ဘူးစင် ကျွန်တော်တို့ငယ်ငယ်က ဆော့ကြတဲ့အခါ နေပူထဲမှာ ဆော့ကြတယ်။ လူကြီးတွေကနေပူထဲ ဆော့လို့ အဆူခံရတဲ့အခါမျိုးမှာတော့ သစ်ပင်ရိပ်မှာ ပြောင်းဆော့ကြတယ်။ အိမ်အောက်မှာလဲ ဆော့ကြတယ်။ ကျွန်တော်တို့ရွာက အိမ်တွေက ခြေတံရှည်အိမ်တွေလေ။ ဆော့နည်းပေါင်းစုံ၊ ကစားနည်းပေါင်းစုံ ဆော့ကြတာဆိုတော့ နေရာလည်း အစုံမှာ

Read More

စစ်ပွဲ(ကဗျာ)၊ ကဗျာဆရာ ယုစစ်နွေ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ ယုစစ်နွေ၏ စစ်ပွဲ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ စစ်ပွဲ ကြည့်လိုက်မိကြသေးလား မိတ်ဆွေတို့။ လူမျိုးဘာသာမရွေးကမ္ဘာကြီး၏နေရာအနှံ့အပြား၌ပိတ်ရက်မရှိဝင်ကြေးအခမဲ့ကိုယ်တိုင်ယူစနစ်ဖြင့်မြိန်ရှက်စွာ သုံးဆောင်နိုင်ပါသည်တဲ့။ တိုက်ပွဲတစ်ခုက ကျဆုံးစစ်သားတစ်ယောက်သူ့ရဲ့နောက်ဆုံးထွက်သက်ကိုအဲဒီလို နာနာကျင်ကျင် ကြော်ငြာသွားခဲ့တယ်။ ယုစစ်နွေ

Read More

နေ့စွဲများ(ကဗျာ)၊ ကဗျာဆရာ ကိုအင်းဝ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ ကိုအင်းဝ၏ နေ့စွဲများ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ နေ့စွဲများ ဒုက္ခသည်စခန်းမှာလပြည့်လကွယ် မရှိဘူး … ကျည်ကွယ် မျက်ကွယ်ထမင်းရည်ပူလေးအေးအေးဆေးဆေး လျက်နေရရင်သေချာတယ်ဒါ … ရက်ရာဇာပဲ … ။ ကိုအင်းဝ

Read More

လူငယ်တွေ စာမဖတ်ဘူးတဲ့လား(ဆောင်းပါး)၊ စာရေးဆရာ အောင်စည်သာ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ အောင်စည်သာ၏ လူငယ်တွေ စာမဖတ်ဘူးတဲ့လား ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပိုင်နိုင်အောင်က ပြုလုပ်သည်။ လူငယ်တွေ စာမဖတ်ဘူးတဲ့လား ယခုခေတ် လူတော်တော်များများက ပြောကြပါတယ်။ လူငယ်တွေ စာဖတ်အား နည်းလာကြပြီတဲ့။ တချို့က ပြောတယ်။ တိုးတက်ဖို့၊ ကြီးပွားဖို့ စာဖတ်ရမယ်တဲ့။ ခုခေတ်မှာ စာအုပ်ကို ဖတ်ရှုမှုနည်းလာကြတာဟာတော့ ဘယ်လိုမှ ငြင်းလို့မရတဲ့အမှန်တရားပါပဲ။ စာအုပ်နဲ့စာရွက်ကို ဖတ်ရှုမှုသာ နည်းလာတာပါ၊

Read More

လယ်တောသင်္ချိုင်း(ကဗျာ)၊ ကဗျာဆရာ မိုးသစ်ဆက်ထွန်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ မိုးသစ်ဆက်ထွန်း၏ လယ်တောသင်္ချိုင်း ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ လယ်တောသင်္ချိုင်း မိုးမသောက်ခင် လှည်းနဲ့ နွားပြင်ခရီးနှင်လာခဲ့တာ မွေးကတည်းကသေသာသွားတယ် လယ်ကွင်းထဲက မထခဲ့တဲ့အဘိုးကသူ့သားကျုပ်အဘ သူ့မြေးကျုပ်အထိလယ်သမားဇာတိ မပျက်စေရတဲ့…။အဖိုးရဲ့လယ်… ဧကနှစ်ဆယ်အဖေ့ဆီရောက်တော့ ဒီလယ်ကျုပ်အလှည့်ကျလည်း ဧကနှစ်ဆယ်နွားရယ်၊ ကျွဲရယ်၊ လှည်းရယ်၊ ဒီနည်းပဲသုံးတယ်…။ညိုတုတ်၊ ချိုကုပ်၊ ပြာမအားလုံး ခြံပေါက်အိမ်မွေးဗွေမှန်ထွားထွား နံကားကားကြီးတွေအောင်မယ်…ပြာကြီးတစ်ကောင်ကတော့ ဗွေထီးဆောင်းဗျကျုပ်တို့မှာဆို သသပြီးကိုနေရတယ်တိရစ္ဆာန်ပေငြား

Read More

တွေ့များ တွေ့ရင်(အမှတ်တရစာစု)၊ စာရေးဆရာမ ပျိုဇန်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်း အမှတ်တရစာစုကဏ္ဍတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ပျိုဇန်၏ တွေ့များ တွေ့ရင် ကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ အောင်ကျော်က ရေးဆွဲပါသည်။ တွေ့များ တွေ့ရင် “အိမ်ပြန်လာ တပေါင်းလ ချစ်စရာနွေ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ်” သီချင်းသံလေးကြားတော့ မြီးကောင်ပေါက်အရွယ်က အမှတ်တရဖြစ်ခဲ့ရတဲ့ လက်ဖက်ရည်ဆိုင်လေးကို သတိရမိတယ်။ လက်ဖက်ရည်ဆိုင်လေးက ကိုယ် ဆယ်တန်းကျူရှင် တက်ရတဲ့ကျောင်းရဲ့ လမ်းထိပ်မှာ ဖွင့်ထားတာပါ။

Read More

တစ်ချိန်တုန်းက အင်းစိန်ထောင် (မ-ကျ/တိုက်)-ဝတ္ထုတို၊ စာရေးဆရာမ ချိုနွယ်ဉီး

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ချိုနွယ်ဉီး၏ တစ်ချိန်တုန်းက အင်းစိန်ထောင် (မ-ကျ/တိုက်) ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ စိုးသော်တာက ရေးဆွဲပါသည်။ တစ်ချိန်တုန်းက အင်းစိန်ထောင်(မ-ကျ/တိုက်) ထောင်ဘဝအစမှာတော့ မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှ အကုန်အဆန်းချည်းပါပဲ။ ပုံစံ။ တစ်ဗြူး၊ နှစ်ဗြူး။ အားလုံး ကောင်းပါတယ် ဆရာကြီး။ ဘုရားကန်တော့မယ်။ ထမင်းဘို။ ထမင်းတော့ သိတယ်၊ ဘိုဆိုတာ ဘာပါလိမ့်။

Read More