Category: သစ်လွင်သောစာပေယဉ်ကျေးမှု
ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း
‘‘ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာပေနှင့်ပတ်သက် သည့်ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ဆွေးနွေးပွဲကို စာရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့်အနုပညာလက်ရာများအကြောင်းကို ဉာဏ်ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆွေး နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏
Read Moreရသအစုန်အဆန် (၂၀၁၄)
ပဲန်မြန်မာသည် ရသအစုန်အဆန်ပွဲများကို ၂၀၁၄ ခုနှစ်တွင် စတင်ပြုလုပ်လာခဲ့ရာ ပွဲဦးထွက်အနေဖြင့် ၁၇.၁.၂၀၁၄ တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း ရသအစုန်အဆန်ပွဲ ၁၉ကြိမ်အထိ ကျင်းပခဲ့သည်။ မှတ်မှတ်ရရအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ရသအစုန်အဆန်ပွဲကို ထိုစဉ်က PEN International ဥက္ကဋ္ဌ John Ralston Saul ကိုယ်တိုင် ပါဝင်ခဲ့သည်။
Read Moreရသအစုန်အဆန် ဆိုသည်မှာ
ရသအစုန်အဆန်သည် ပဲန်မြန်မာ၏ ပင်တိုင်လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ရသစာပေကို ဖန်တီးရေးသားနိုင်စွမ်းသာမက ခံစားနားလည်နိုင်စွမ်းပင်လျှင် ကျဆင်းလာနေသော အခြေအနေအတွက် ရသအစုန်အဆန်ကို စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ စာမတတ်သူ ပပျောက်ရေးအပြင် စာမဖတ်သူ ပပျောက်ရေးကို အားထုတ်နေရသည့် ယနေ့အခါတွင် ရသစာပေ မဖတ်ဖြစ်သူများနှင့် ရသစာပေကို မဖတ်တတ်၊ မခံစားတတ်သူများ မရှိကြစေရန် ဦးတည်ပါသည်။ စာရေးသူနှင့် စာဖတ်သူများအကြား၊ စာရေးသူအချင်းချင်းနှင့် စာဖတ်သူအချင်းချင်အကြား၊ စာရေးသူနှင့်
Read More