စစ်ပွဲ(ကဗျာ)၊ ကဗျာဆရာ ယုစစ်နွေ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ ယုစစ်နွေ၏ စစ်ပွဲ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ စစ်ပွဲ ကြည့်လိုက်မိကြသေးလား မိတ်ဆွေတို့။ လူမျိုးဘာသာမရွေးကမ္ဘာကြီး၏နေရာအနှံ့အပြား၌ပိတ်ရက်မရှိဝင်ကြေးအခမဲ့ကိုယ်တိုင်ယူစနစ်ဖြင့်မြိန်ရှက်စွာ သုံးဆောင်နိုင်ပါသည်တဲ့။ တိုက်ပွဲတစ်ခုက ကျဆုံးစစ်သားတစ်ယောက်သူ့ရဲ့နောက်ဆုံးထွက်သက်ကိုအဲဒီလို နာနာကျင်ကျင် ကြော်ငြာသွားခဲ့တယ်။ ယုစစ်နွေ

Read More

နေ့စွဲများ(ကဗျာ)၊ ကဗျာဆရာ ကိုအင်းဝ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ ကိုအင်းဝ၏ နေ့စွဲများ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ နေ့စွဲများ ဒုက္ခသည်စခန်းမှာလပြည့်လကွယ် မရှိဘူး … ကျည်ကွယ် မျက်ကွယ်ထမင်းရည်ပူလေးအေးအေးဆေးဆေး လျက်နေရရင်သေချာတယ်ဒါ … ရက်ရာဇာပဲ … ။ ကိုအင်းဝ

Read More

လူငယ်တွေ စာမဖတ်ဘူးတဲ့လား(ဆောင်းပါး)၊ စာရေးဆရာ အောင်စည်သာ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ အောင်စည်သာ၏ လူငယ်တွေ စာမဖတ်ဘူးတဲ့လား ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပိုင်နိုင်အောင်က ပြုလုပ်သည်။ လူငယ်တွေ စာမဖတ်ဘူးတဲ့လား ယခုခေတ် လူတော်တော်များများက ပြောကြပါတယ်။ လူငယ်တွေ စာဖတ်အား နည်းလာကြပြီတဲ့။ တချို့က ပြောတယ်။ တိုးတက်ဖို့၊ ကြီးပွားဖို့ စာဖတ်ရမယ်တဲ့။ ခုခေတ်မှာ စာအုပ်ကို ဖတ်ရှုမှုနည်းလာကြတာဟာတော့ ဘယ်လိုမှ ငြင်းလို့မရတဲ့အမှန်တရားပါပဲ။ စာအုပ်နဲ့စာရွက်ကို ဖတ်ရှုမှုသာ နည်းလာတာပါ၊

Read More

လယ်တောသင်္ချိုင်း(ကဗျာ)၊ ကဗျာဆရာ မိုးသစ်ဆက်ထွန်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ မိုးသစ်ဆက်ထွန်း၏ လယ်တောသင်္ချိုင်း ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ လယ်တောသင်္ချိုင်း မိုးမသောက်ခင် လှည်းနဲ့ နွားပြင်ခရီးနှင်လာခဲ့တာ မွေးကတည်းကသေသာသွားတယ် လယ်ကွင်းထဲက မထခဲ့တဲ့အဘိုးကသူ့သားကျုပ်အဘ သူ့မြေးကျုပ်အထိလယ်သမားဇာတိ မပျက်စေရတဲ့…။အဖိုးရဲ့လယ်… ဧကနှစ်ဆယ်အဖေ့ဆီရောက်တော့ ဒီလယ်ကျုပ်အလှည့်ကျလည်း ဧကနှစ်ဆယ်နွားရယ်၊ ကျွဲရယ်၊ လှည်းရယ်၊ ဒီနည်းပဲသုံးတယ်…။ညိုတုတ်၊ ချိုကုပ်၊ ပြာမအားလုံး ခြံပေါက်အိမ်မွေးဗွေမှန်ထွားထွား နံကားကားကြီးတွေအောင်မယ်…ပြာကြီးတစ်ကောင်ကတော့ ဗွေထီးဆောင်းဗျကျုပ်တို့မှာဆို သသပြီးကိုနေရတယ်တိရစ္ဆာန်ပေငြား

Read More

တွေ့များ တွေ့ရင်(အမှတ်တရစာစု)၊ စာရေးဆရာမ ပျိုဇန်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်း အမှတ်တရစာစုကဏ္ဍတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ပျိုဇန်၏ တွေ့များ တွေ့ရင် ကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ အောင်ကျော်က ရေးဆွဲပါသည်။ တွေ့များ တွေ့ရင် “အိမ်ပြန်လာ တပေါင်းလ ချစ်စရာနွေ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ်” သီချင်းသံလေးကြားတော့ မြီးကောင်ပေါက်အရွယ်က အမှတ်တရဖြစ်ခဲ့ရတဲ့ လက်ဖက်ရည်ဆိုင်လေးကို သတိရမိတယ်။ လက်ဖက်ရည်ဆိုင်လေးက ကိုယ် ဆယ်တန်းကျူရှင် တက်ရတဲ့ကျောင်းရဲ့ လမ်းထိပ်မှာ ဖွင့်ထားတာပါ။

Read More

တစ်ချိန်တုန်းက အင်းစိန်ထောင် (မ-ကျ/တိုက်)-ဝတ္ထုတို၊ စာရေးဆရာမ ချိုနွယ်ဉီး

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ချိုနွယ်ဉီး၏ တစ်ချိန်တုန်းက အင်းစိန်ထောင် (မ-ကျ/တိုက်) ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ စိုးသော်တာက ရေးဆွဲပါသည်။ တစ်ချိန်တုန်းက အင်းစိန်ထောင်(မ-ကျ/တိုက်) ထောင်ဘဝအစမှာတော့ မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှ အကုန်အဆန်းချည်းပါပဲ။ ပုံစံ။ တစ်ဗြူး၊ နှစ်ဗြူး။ အားလုံး ကောင်းပါတယ် ဆရာကြီး။ ဘုရားကန်တော့မယ်။ ထမင်းဘို။ ထမင်းတော့ သိတယ်၊ ဘိုဆိုတာ ဘာပါလိမ့်။

Read More

သိုးနီ(ကဗျာ)၊ ကဗျာဆရာမ Jasmine

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ Jasmine ၏ သိုးနီ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ သိုးနီ ကျွန်မကတော့ အဲဒီနေရာမှာသွေးကွက်တွေပဲ မြင်တယ်။နီဆွေးဆွေးသွေးတွေ အိုင်ထနေတာပဲ။ အားရစရာပေါပေါများများရှိနေတာက သွေးတွေပဲ။မနေ့ကတော့ သွေးပုပ်တွေ ရှိနေခဲ့သလိုလည်း ခံစားသိမိလိုက်တယ်။ဦးနှောက်ပျောက်နေတာနဲ့ပုပ်အဲ့အဲ့သွေးတွေ ဘယ်နားရောက်သွားလဲ သေချာမသိတော့ဘူး။သွေးရဲရဲတွေနဲ့ ကစားနေတဲ့ကလေးငယ်တွေထဲ ငယ်ငယ်တုန်းက ပျော်ရွှင်နေခဲ့တာသေသေချာချာ သိတယ်။အခုပြောနေရင်း နံရံတွေပေါ်က သွေးစိမ်းရှင်ရှင်တွေ ကျွန်မ ဦးနှောက်ပေါ် လာစဉ်တယ်။လက်တွေရဲ့လှုပ်ရှားပုံကမနေ့ကလုပ်ပြီးသားတွေကို

Read More

ခွန်အားခုနစ်ဘ၀(ရသစာတမ်း)၊ စာရေးဆရာ စောဝေ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ စောဝေ၏ ခွန်အားခုနစ်ဘဝ ရသစာတမ်းကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပန်းချီကို ပန်းချီဆရာ ဆန်နီညိမ်းက ရေးဆွဲပါသည်။ ခွန်အားခုနစ်ဘ၀ ဖျစ်ညှစ်ဆုပ်ကိုင်ထားသည်လည်းမဟုတ်။ ရုန်းထွက်လိုစိတ်၊ ရုန်းထွက်မှုမဲ့။ ညင်သာစေးပိုင်စွာ ဆုပ်ကိုင်ပြီး အသက်ဓာတ်ကို ရှည်စေ တိုစေသူ။ မျက်ဝန်းအကြည့်ကို စေ့စေ့ငုငုကြည့်တော့ ဝင်းပလင်းလက် အားအင်ကို တွေ့ရ။ ဒီအားတွေကပဲ လျှပ်ပန်းခက်ဝေလို့ ဖြူဝင်းရွှန်းလဲ့လို့ ရင်တွင်းသို့ စီးဝင်။ ညာဘက်လက် လက်ချောင်း၊

Read More

ကော်ဖီဆိုင်ရှုမျှော်ခင်း(ရသစာတမ်း)၊ စာရေးဆရာ တည်မှီ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ တည်မှီ၏ ကော်ဖီဆိုင်ရှုမျှော်ခင်း ရသစာတမ်းကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပန်းချီကို ဆရာ တည်မှီကိုယ်တိုင် ရေးဆွဲပါသည်။ ကော်ဖီဆိုင်ရှုမျှော်ခင်း အပေါ်စီးမှ မြင်တွေ့ရသော မြင်ကွင်းများမှာ ပိုမိုလှပကြောင်း ထင်မိသည်။ တစ်ခါတစ်ခါ ကျွန်တော့်စိတ်ကူးတွေက ဂါဝန်အနားစလေးတွေနှင့်တောင် ငြိခက်၍ ပါသွားတတ်သည်။ ခပ်လှမ်းလှမ်းမှ ဖွင့်ထားသော ဓမ္မာရုံမှ ပရိတ်တရားသံကိုလည်း ကြားနေရသည်။ ဆီပူအိုးထဲမှာ ခုန်ပေါက်နေသော အကြော်များ၊ စတိုးဆိုင်တစ်ဆိုင်အတွင်းမှာ ငြိမ်သက်စွာ

Read More

အနုပညာမြောက် မပြီးဆုံးမှုများ(ကဗျာ)၊ ကဗျာဆရာ မောင်ဆန်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ မောင်ဆန်၏ အနုပညာမြောက် မပြီးဆုံးမှုများ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ အနုပညာမြောက် မပြီးဆုံးမှုများ အနုပညာသာစစ်ရင်မပြီးဆုံးသေးလည်း အနုပညာလို့ ဆိုတော့အနုပညာက ရယ်တယ်။ရယ်နေတာ မပြီးတော့ဘူး။ မပြီးဆုံးသေးတဲ့ စစ်ပွဲအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်မပြီးဆုံးသေးတဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး သီချင်းမပြီးဆုံးသေးတဲ့ လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှုအစီအမံ ဝတ္ထုမပြီးဆုံးသေးတဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်တိုက်ပွဲ ပန်းချီကားမပြီးဆုံးသေးတဲ့ We stand

Read More