မေမေ မှားတယ်(ဝတ္ထုတို)၊ စာရေးဆရာမ ထက်မြတ်နိုင်ဇင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ထက်မြတ်နိုင်ဇင်၏ မေမေ မှားတယ် (ဝတ္ထုတို)ကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ဝင်းတင့်က ရေးဆွဲပါသည်။ မေမေ မှားတယ် – ထက်မြတ်နိုင်ဇင် (၁) မေမေ့ကို ကြည့်ရတာ ကျွန်မ မပျော်ဘူး။ မေမေဟာ ဘယ်တော့မှ လုံလုံလောက်လောက် မပြုံးသလို ဘယ်တော့မှလဲ ဟက်ဟက်ပက်ပက် မရယ်မောဘူး။ ပန်းလေးတွေ ပွင့်လာရင်ပဲ

Read More

ကျွန်တော်နှင့် မစံပယ်ဖြူ – ၁ (ဆောင်းပါး)၊ စာရေးဆရာ နိုင်မွန်အောင်သွင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ နိုင်မွန်အောင်သွင်၏ ကျွန်တော်နှင့် မစံပယ်ဖြူ-၁ ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပန်းချီကို ပန်းချီ ကိုကိုနိုင်က ရေးဆွဲပါသည်။ ကျွန်တော်နှင့် မစံပယ်ဖြူ-၁ ငါ့မှာ ချစ်သူ မရှိပါ… မစံပယ်။မရှိခိုးနိုး မျက်နှာမျိုးနဲ့မိုးမကြည့်ရန် တောင်းပန်တယ်။(တာရာမင်းဝေ စာမျက်နှာ ၇၄ ကဗျာပေါင်းချုပ်။)တာရာမင်းဝေ ကဗျာတွေကို နူးညံ့သိမ်မွေ့စွာ နက်ရှိုင်းခြင်း၌ ကျွန်တော် ဝင်စားမိနေသည်မှာကြာပါပြီ။ သူ့ လောကအမြင်က

Read More

Reply (ကဗျာ)၊ ကဗျာဆရာ မောင်ဆောင်းခ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ မောင်ဆောင်းခ၏ Reply ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ Reply အချစ်ဟာ မပွင့်ဘဲ ကြွေတဲ့ညနေ။တကယ့်ဒဏ်ရာတွေဟာအရာပေါ်လေ့ မရှိဘူး။ စ, ချစ်မိသူဟာသူ့လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီးချစ်တဲ့သူဆီက အမိန့်ကို စောင့်နေရသလိုပဲ။ မသနားပါနဲ့။ကိုယ့်အခြေအနေကိုယ် မသိသူအတွက်ကိုယ့်ထိုက်နဲ့ ကိုယ့်ကံလို့ပဲ သဘောထားပါတယ်။ “အစ်ကို့လိုလူမျိုး မလိုအပ်ဘူး”………………………………………………….အမှောင်ဟာ ပိုမှောင်လာ။ ပိုသိမ်ငယ်လာ။ဓားနဲ့ထိုးမှ လူသေတာ မဟုတ်ပါဘူး။သေနတ်နဲ့ပစ်မှ

Read More

ဇွန်ရဲ့မိုးစက်များနှင့်အတူ(ကဗျာ)၊ ကဗျာဆရာ ခရမ်းပြာနေမင်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ ခရမ်းပြာနေမင်း၏ ဇွန်ရဲ့မိုးစက်များနှင့်အတူ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။ ဇွန်ရဲ့မိုးစက်များနှင့်အတူ မိုးစက်လေးတို့ရေ….ဒီလမ်းလျှောက်ရင်ဒီနေရာမှာ ရပ်ရမယ်ဆိုတာ သိပါတယ်သုံးနှစ်သုံးမိုးလျှောက်လာခဲ့တဲ့လမ်းတွေနောက်ပြန်လှည့်ကြည့်မိတော့လွမ်းဆွတ်နေမိသလိုဂုဏ်ယူကျေနပ်နေမိတယ်ရှေ့ဆက်ခွင့်မရှိတဲ့ ခြေလှမ်းတွေနဲ့ငါ့ရဲ့ပထမဆုံးသော ခရီးဟာမပြီးခင် ဆုံးခဲ့ပြီလားမိုးစက်လေးတို့ရေတန်ဖိုးမြင့်မြင့်အရာတွေကိုချနင်းရင်းအတူတူလျှောက်ခဲ့တဲ့လမ်းမှာမမေ့နိုင်တော့မယ့် ပျော်ရွှင်ခြင်းတွေမမေ့နိုင်တော့မယ့် ကြည်နူးခြင်းတွေမမေ့နိုင်တော့မယ့် ပုံရိပ်တွေမမေ့နိုင်တော့မယ့် လွဲချော်မှုတွေအရာအားလုံးအတွက်ထာဝရကျေးဇူးတင်နေမှာပါမိုးစက်လေးတို့ရေမတူညီတဲ့ ဘဝတွေရယ်မတူညီတဲ့ ဝန်းကျင်ရယ်မတူညီတဲ့ အခွင့်အလမ်းတွေရယ်မတူညီတဲ့ အားနည်းချက်တွေရယ်ပေါင်းစပ်လိုက်တဲ့အဖြေကလွမ်းစရာတွေဖြစ်လာမယ်ဆိုတာဟိုးအဝေးကြီးကတည်းကကြိုတွေးထားပြီးသားပါကွာမိုးစက်လေးတို့ရေဘဝနဲ့ရင်းပြီး သူရဲကောင်းဆန်ပြဖို့ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ဖြစ်သင့်တာတွေအတွက်လည်းအခွင့်အရေးတွေ ပေးဖို့ဒီထက်ပိုလှတဲ့ ဘဝတစ်ခုအတွက်မင်းသင်ပေးထားတဲ့ တရားဓမ္မတွေနဲ့ငါဖြေသိမ့်လို့

Read More

၁၄၁ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

Covid – 19 ကပ်ရောဂါဖြစ်ပွားနေသော လတ်တလောကာလအတွင်း ပဲန်မြန်မာ၏ ၁၄၁ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူ၊ ဖတ်သူ စုန်ဆန်ပွဲကို ၂၀၂၀ ခုနှစ် မေလ ၁၀ ရက် တွင် online မှတဆင့် Zoom Application အားအသုံးပြုကာ ကျင်းပခဲ့ကြပါသည်။ ယခင်အကြိမ်များတွင် ကျင်းပခဲ့သော မျက်နှာချင်းဆိုင် လူချင်းတွေ့ပြီး အတွေး၊အမြင် ရသဖလှယ်သကဲ့သို့ပင်

Read More

၁၄၀ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၄၀ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၂၀ ခုနှစ် မတ်လ ၂ ရက် မနက် ၁၀ နာရီအချိန်က မြေနီကုန်း ဗုဒ္ဓဂယာကျောင်းမှာ ပြုလုပ်ခဲ့ပါသည်။ ယင်းပွဲသည် ရွှေတွံတေးဆရာတော် အရှင်ဝါယမ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆရာတော်ကိုယ်တိုင် ဖိတ်ကြားခြင်း ဖြစ်ပြီး လိုက်ပါခဲ့ကြသူများကလည်း မိမိအစီအစဉ်ဖြင့် မိမိ ကုသိုလ်ပြုပါဝင်ခဲ့ကြပါသည်။ ပဲန်မြန်မာမှ ပါဝင်ခဲ့ကြသည့် အဖွဲ့ဝင်များမှာ

Read More

၁၃၉ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၃၉ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ Level Up Academy မှာ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာမှ ဆရာ မျိုးမြင့်ညိမ်း၊ ဆရာ ဟန်ဆန်း၊ ဆရာမ

Read More

၁၃၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲနှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်း ဆွေးနွေးပွဲ

ပဲန်မြန်မာ၏ ၁၃၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲနှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်း ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်က ဘားအံမြို့ရှိ ခွယ်ကဘောင်မိုတယ်မှာ ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာအဖွဲ့၀င်ဆရာ/ဆရာမများဖြစ်ကြသည့် မျိုးမြင့်ညိမ်း၊ ဟန်ဆန်း၊ စောဝေ၊ ရာသက်ပန်(တောင်ငူဆောင်)၊ သူရဿဝါ၊ Jasmine, တည်မှီနှင့် နန်းကြာဖြူ(ဘားအံ)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Read More

၁၃၇ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၃၇ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ဖြူးမြို့ရှိ မိုးဟိန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါသည်။ ယင်းပွဲတွင် ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်ကြသည့် ဆရာ မျိုးမြင့်ညိမ်း၊ ဆရာမ မိချမ်း‌ဝေ၊ ဆရာ ဟန်ဆန်၊ ဆရာ သူရဿဝါ၊ ဆရာမ သက်‌ေ၀နှင်း(အောင်လံ)၊ ဆရာမ ဝသုန္ဓရေ၊ ဆရာမ ကြယ်ရီလင်းစစ်၊ ဆရာ

Read More

“ဘယ်သူ့ကဗျာမှ ကဗျာ” ခေါင်းစဉ်ဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

“ဘယ်သူ့ကဗျာမှ ကဗျာ” ခေါင်းစဉ်ဖြင့် “ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တစ်ခုကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့တွင် ပဲန်မြန်မာစင်တာ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကဗျာဆရာ မောင်ယုပိုင်က ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။ နေ့ရက် – ၂၄.၁၁.၂၀၁၉ (တနင်္ဂနွေနေ့) အချိန် – မွန်းလွဲ ၁နာရီ မှ ညနေ ၅နာရီအထိ နေရာ – ပဲန်မြန်မာစင်တာ

Read More