(၁၀၅)၊ (၁၀၆) နှင့် (၁၀၇) ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲများ

ပဲန်မြန်မာ၏ ရသအစုန်အဆန် (၁၀၅) ကြိမ်မြောက် ရသအစုန်အဆန်ကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့၌လည်းကောင်း၊ (၁၀၆)ကြိမ်မြောက် ရသအစုန်အဆန်ကို ပုလောမြို့နယ် ကျောက္ကာကျေးရွာတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့၌လည်းကောင်း၊ (၁၀၇)ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူဆွေးနွေးပွဲကို မြိတ်မြို့ ရွှေကျောင်းလမ်းရှိ မေတ္တာလက်ကမ်းရုံးတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့၌လည်းကောင်း အသီးသီး ကျင်းပခဲ့သည်။
ပဲန်မြန်မာမှ အဖွဲ့ဝင်များဖြစ်ကြသော ဆရာ ညီပုလေး၊ ဆရာမ မိချမ်းဝေ၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာမ စုမီအောင်၊ ဆရာမ ခင်သန္တာနှင့် ဆရာစောဝေတို့က ဦးဆောင်၍ ဒေသခံ စာဖတ်ပရိတ်သတ်များ၊ ရသစာပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန် ရသဖလှယ်ခဲ့ကြသည်။

(၁၀၅)ကြိမ်မြောက် ရသအစုန်အဆန်

ပဲန်မြန်မာ၏ (၁၀၆)ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူဆွေးနွေးပွဲကို ကျင်းပနေကြ မနက်ပိုင်း၊ နေ့လယ်ပိုင်းများတွင် ကျင်းပခြင်းမဟုတ်။ ပင်လယ်ပြင်တွင် လုပ်ငန်းခွင်ဝင်နေရသူ ဒေသခံစာဖတ်ပရိတ်သတ်များ ကမ်းပြန်ကပ်၍ အားလပ်သည့်အချိန်ဖြစ်သော ည ၈နာရီမှ ၁၁နာရီခန့်အထိ ကျင်းပခဲ့ရသည်မှာ ထူးထူးခြားခြားပင်ဖြစ်သည်။

(၁၀၆)ကြိမ်မြောက် ရသအစုန်အဆန်
(၁၀၇)ကြိမ်မြောက် ရသအစုန်အဆန်

ပဲန်မြန်မာမှ ဆရာ ဆရာမများ မြိတ်မြို့တွင် နေထိုင်စဉ် တည်းခိုရန် စီစဉ်ပေးသော ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဟောပြောပွဲ ၂ရက်ကျင်းပနိုင်ခဲ့သည်မှာလည်း အမှတ်တရပင်ဖြစ်သည်။

ပဲန်မြန်မာအဖွဲ့ဝင်ဆရာ ဆရာမများသည် (၁၀၅)ကြိမ်၊ (၁၀၆)ကြိမ်နှင့် (၁၀၇)ကြိမ်မြောက် ရသအစုန်အဆန်ခရီးစဉ်အတွက် နိုဝင်ဘာလ ၂၁ရက်နေ့တွင် စတင်ထွက်ခွာ၍ နိုဝင်ဘာလ ၂၅ရက်နေ့တွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိခဲ့သည်။

Leave comment

Your email address will not be published. Required fields are marked with *.