#ImprisonedWriter #FreeKakwenza

Kakwenza Rukirabashaija သည် ယူဂန်ဒါနိုင်ငံမှ စာရေးဆရာနှင့် သတင်းစာဆရာ တစ်ဦးဖြစ်သည်။ သူသည် “The Greedy Barbarians” ဝတ္ထု ၏ စာရေးဆရာဖြစ်ပြီး “Banana Republic: Where Writing is Treasonous” ဟူသော စာအုပ်ကို မကြာသေးမီကထုတ်ဝေခဲ့သည်။ထိုစာအုပ်အသစ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင်းက သူ၏ ခုနစ်ရက်ကြာထိန်းသိမ်းခံခဲ့ရစဉ် နိုင်ငံတော်လုံခြုံရေးကိုယ်စားလှယ်များက ညှင်းပန်းနှိပ်စက်ခြင်း အကြောင်းအရာများအပါအဝင် အတွေ့အကြုံများကို ထည့်သွင်းရေးသားထားသည်။ သူ့ကို ‘ကိုဗစ် – ၁၉ ရောဂါကူးစက်ပျံ့နှံ့စေနိုင်သည့်အပြုအမူပြုခြင်း’ ပြစ်မှုဖြင့်တရားစွဲသော်လည်း တရားရုံးကအမှုအား ပယ်ချခဲ့သည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် သူသည် ယူဂန်ဒါစစ်ဘက်ထောက်လှမ်းရေး (CMI) မှအရာရှိများ၏ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသော်လည်း ယခုအချိန်ထိ သူနှင့် သူ့မိသားစုဝင်များသည် စောင့်ကြည့်ခံနေရသည်။ထို့ကြောင့် PEN International အနေဖြင့် Kakwenza Rukirabashaija အပေါ် တရားမ၀င်ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် အနှောင့်အယှက်ပေးခြင်းများကို ရှုတ်ချပြီး သူ့အားစွဲချက်တင်မှုအားလုံးကို ချက်ချင်းခြွင်းချက်မရှိ ရုပ်သိမ်းရန် တောင်းဆိုလိုက်သည်။
Kakwenza Rukirabashaija is a Ugandan novelist and journalist. He is the author of The Greedy Barbarians, a novel which explores themes of high-level corruption in a fictional country. His new book, Banana Republic: Where Writing is Treasonous, was recently published. In this book, he recounts his experience, including torture by state security agents, while detained for seven days in April 2020. He was held under charges supposedly related to COVID-19, but interrogated about the contents of his novel. He was charged in court with the offence of ‘doing an act likely to spread the infection of disease…’ After failure of the state to appear before court to argue the case, a Chief Magistrate’s Court dismissed the case and discharged Rukirabashaija for non-appearance of the complainant.He was arrested again on 18 September 2020 at his home in Iganga District, Kigulu County, by officers from the Ugandan Chieftaincy of Military Intelligence (CMI). He was illegally detained for three days in violation of Uganda’s law which requires that arrested persons be charged in court within 48 hours of their arrest. On Monday 21 September 2020, Rukirabashaija was released on a police bond, charged with the offence of ‘inciting violence and promoting sectarianism.’ The police bond requires Rukirabashaija to report to the police at the Special Investigations Unit at Kireka, 240km away from his home on a weekly basis to supposedly ‘answer to the charges’ for an indefinite period. He has reported that he and his family are constant targets of extrajudicial surveillance by individuals believed to be state security agents.PEN International condemns the unlawful arrest, detention and ongoing harassment of Kakwenza Rukirabashaija and calls for all charges against him to be dropped immediately and unconditionally.
#ImprisonedWriter#FreeKakwenza
#PENInternational
#PENMyanmar
#WritersInPrisonCommittee
